ပြင်ဆရာများ — အကောင့်၊ ကော်မရှင်နှင့် စွမ်းဆောင်ရည်
ပြင်ဆရာ (Service Tech) အကောင့်ဖွင့်ခြင်း၊ % သို့မဟုတ် ပမာဏ ကော်မရှင် သတ်မှတ်ခြင်း၊ လစဉ် ပြင်ပြီး/မပြင်နိုင်/ကော်မရှင် ကြည့်ခြင်း။
ပြင်ဆရာ အသစ်
ပြုပြင်ရေး → ပြင်ဆရာများ (Technicians) → ပြင်ဆရာ အသစ် (New technician) နှိပ်ပါ။ Name၊ Phone၊ Username၊ Password နှင့် Branch ဖြည့်ပါ။
ကော်မရှင် သတ်မှတ်ပါ
Pay per finished repair တွင် No commission / Percent of profit (ကျသင့်ငွေ − အပိုပစ္စည်းကုန်ကျ ၏ %) / Fixed amount per repair ကို ရွေးပါ။ ပြင်ပြီး (Completed) ဖြစ်မှ ကော်မရှင် ရပါသည်။ ရှိပြီးသား ပြင်ဆရာကို ကော်မရှင် ခလုပ်ဖြင့် ပြင်နိုင်သည်။
စွမ်းဆောင်ရည် ကြည့်ပါ
ဇယားတွင် လက်ခံ၊ ပြင်ပြီး၊ မပြင်နိုင်၊ လက်ရှိပြင်ဆဲ၊ ကျသင့်ငွေ၊ အပိုပစ္စည်း၊ အမြတ်၊ ကော်မရှင်၊ ပျမ်းမျှရက် ကို လအလိုက် ပြပါသည်။
ပြင်ဆရာ မြင်ရသည်များ
ပြင်ဆရာ အကောင့်သည် ပြုပြင်ရေးနှင့် အပိုပစ္စည်း ထုတ်ယူခြင်းသာ မြင်ရပြီး ငွေစာရင်း၊ အရောင်း၊ အစီရင်ခံစာ မမြင်ရပါ။ ငွေရှင်းခြင်းနှင့် Delivered ပြောင်းခြင်း မလုပ်နိုင်ပါ။ မိမိ စွမ်းဆောင်ရည်ကိုသာ ကြည့်နိုင်ပါသည်။
အပိုပစ္စည်း ထုတ်ယူခြင်း
ပြင်ဆရာသည် ကုန်ပစ္စည်းများ → Adjust တွင် 'Used for repair' တစ်မျိုးသာ ရွေးနိုင်ပါသည် (လက်ကျန် ပေါင်းထည့်ခြင်း မရ)။ Voucher နံပါတ် သို့မဟုတ် Model ရိုက်ရှာပြီး သက်ဆိုင်ရာ Repair (အများဆုံး ၅ ခု) ကို ရွေးပါ — အပိုပစ္စည်းကုန်ကျငွေ Repair ထဲ ပေါင်းပါမည်။