အရောင်းနှင့် POS — ရောင်းချနည်း
ပစ္စည်းရှာ/Scan၊ Cart ထည့်၊ လျှော့ဈေး၊ ဖောက်သည်ရွေး၊ ငွေအပြည့်/တစ်စိတ်/အကြွေး၊ ငွေစာရင်း နှစ်ခုခွဲပေး၊ ပြန်အမ်းငွေ တွက်ပြီး Voucher ထုတ်ခြင်း။
ပစ္စည်း Cart ထဲ ထည့်ပါ
အရောင်းနှင့် POS ကို ဖွင့်ပါ။ ပစ္စည်းကို နှိပ်ပါ၊ သို့မဟုတ် 'Search or scan barcode...' တွင် အမည်/SKU/Barcode ရိုက်ပါ။ USB/Bluetooth Barcode scanner ဖြင့် ဖတ်လျှင် တန်းဝင်ပါမည်။ ဖုန်းတွင် 📷 ခလုပ်ဖြင့် ကင်မရာ Scan လုပ်နိုင်သည်။
Variant နှင့် IMEI
Model တစ်ခုတွင် Variant (128GB · Blue စသည်) ရှိလျှင် ရွေးခိုင်းပါမည်။ IMEI မှတ်ထားသော ဖုန်းဖြစ်လျှင် ရောင်းမည့် IMEI ကို ရွေးပါ (သို့) Scan ဖတ်ပါ။
အရေအတွက်၊ ဈေး၊ မှတ်ချက်
Cart တွင် + / − ဖြင့် အရေအတွက် ပြောင်းပါ။ လက်ဆောင် (Free gift) အဖြစ် ပေးလျှင် 🎁 ကို နှိပ်ပါ။ 'Note: IMEI, traded in with iPhone 8…' တွင် မှတ်ချက် ထည့်နိုင်ပါသည်။
ဖောက်သည် ရွေးပါ
Customer တွင် လမ်းလျှောက်ဖောက်သည် (Walk-in) သို့မဟုတ် သိမ်းထားသော ဖောက်သည်ကို ရွေးပါ။ အသစ်ဆိုလျှင် New customer ဖြင့် အမည်/ဖုန်း ထည့်ပါ။ အကြွေးရောင်းလျှင် ဖောက်သည်အမည် လိုအပ်ပါသည်။
အရောင်း ပြန်စစ်ပါ (Review sale)
လျှော့ဈေး (Discount) ထည့်ပြီး ငွေပေးပုံ ရွေးပါ — ငွေအပြည့်၊ တစ်စိတ်ပေး (Amount received now)၊ အကြွေး။ ငွေဝင်မည့် ငွေစာရင်း (Receive into wallet) ကို ရွေးပါ။
ဆိုင်မှာ မရှိတဲ့ ပစ္စည်း (ပြင်ပ ပစ္စည်း)
တခြားဆိုင်က ယူရောင်းရလျှင် Cart ရှိ + ပြင်ပ ပစ္စည်း ကို နှိပ်ပါ။ ပစ္စည်းအမည်၊ အရေအတွက်၊ ရောင်းဈေး နှင့် Best price (တခြားဆိုင်က ပေးသည့်ဈေး) ထည့်ပါ — Stock မလျော့ဘဲ အမြတ် = ရောင်းဈေး − Best price ဖြစ်ပါသည်။ ထိုဆိုင်ကို ချက်ချင်း ပေးပြီး (ပေးခဲ့သည့် wallet ရွေး) သို့မဟုတ် အကြွေး (ဆိုင်အမည် ထည့် — အကြွေးရရန်/ပေးရန် ထဲ ပေးရန် အဖြစ် ဝင်) ကို ရွေးပါ။
ငွေစာရင်း နှစ်ခု ခွဲပေးခြင်း
ငွေစာရင်း နှစ်ခု ခွဲပေးမည် (Split into two wallets) ကို နှိပ်ပြီး ဥပမာ Cash တစ်ဝက်၊ KPay တစ်ဝက် ခွဲထည့်နိုင်ပါသည်။
ပြန်အမ်းငွေ
Cash received (optional) တွင် ဖောက်သည်ပေးသောငွေ ရိုက်လျှင် ပြန်အမ်းရမည့်ငွေ (Change) ကို တွက်ပြပါသည်။
ရောင်းချမှု အတည်ပြုပြီး Voucher ထုတ်ပါ
အတည်ပြုလျှင် Sale complete ပေါ်ပါမည်။ Print ဖြင့် Voucher ထုတ်ပါ။ ဖုန်းရောင်းလျှင် Warranty card လည်း ထုတ်နိုင်ပါသည်။ New sale ဖြင့် နောက်တစ်ခု စပါ။