App အသုံးပြုပုံ အခြေခံ
Menu (Sidebar)၊ မြန်မာ/English ဘာသာ၊ အသံ၊ Dark mode၊ ဆိုင်ခွဲရွေးခြင်းနှင့် ဖုန်းတွင် App အဖြစ် ထည့်ခြင်း။
Menu (Sidebar)
ဘယ်ဘက် Menu မှ စာမျက်နှာများကို ရွေးပါ။ ဖုန်းတွင် ဘယ်ဘက်အပေါ် ☰ ကို နှိပ်လျှင် Menu ပွင့်ပါမည်၊ အောက်ခြေတွင် အသုံးများသော စာမျက်နှာ ခလုပ်များ ရှိပါသည်။ အရောင်းနှင့် POS နှင့် ပြုပြင်ရေး စာမျက်နှာများတွင် နေရာကျယ်စေရန် Sidebar ကို ခေါက်ထားပြီး ☰ နှိပ်မှ ပြန်ပေါ်ပါသည်။
ဘာသာ၊ အသံ၊ အလင်း/အမှောင်
ပင်မစာမျက်နှာ (Dashboard) အပေါ်ဘက်တွင် MM/EN ဘာသာပြောင်း၊ အသံ ဖွင့်/ပိတ် နှင့် Light/Dark mode ခလုပ်များ ရှိပါသည်။ Login စာမျက်နှာတွင်လည်း ရှိပါသည်။
ခွင့်ပြုချက်ရှိသည်များသာ ပြသည်
ဝန်ထမ်းတစ်ယောက်ချင်း၏ Role အလိုက် ခွင့်ပြုချက်မရှိသော Menu များကို လုံးဝ မပြပါ။ ဥပမာ ပြင်ဆရာ (Service Tech) သည် ငွေစာရင်း၊ အစီရင်ခံစာ မမြင်ရပါ။
ဆိုင်ခွဲ (Branch)
ဆိုင်ခွဲ တစ်ခုထက်ပိုလျှင် ပင်မစာမျက်နှာ၏ All branches ရွေးချယ်ကွက်ဖြင့် ဆိုင်ခွဲတစ်ခုချင်း သို့မဟုတ် အားလုံးပေါင်း ကြည့်နိုင်ပါသည်။
ဖုန်းတွင် App အဖြစ် ထည့်ရန်
Chrome ၏ ⋮ Menu → Add to Home screen (iPhone Safari တွင် Share → Add to Home Screen) ကို နှိပ်ပါ။ App icon ဖြင့် တန်းဖွင့်နိုင်ပါမည်။