Mahar POSလမ်းညွှန်အားလုံး
စတင်ခြင်း · အဆင့် ၅ ဆင့်

အကောင့်ဖွင့်ခြင်းနှင့် Login ဝင်ခြင်း

Email/စကားဝှက် သို့မဟုတ် Google ဖြင့် အကောင့်ဖွင့်ခြင်း၊ ဆိုင်အမျိုးအစား ရွေးခြင်းနှင့် စကားဝှက်မေ့လျှင် ပြန်သတ်မှတ်ခြင်း။

၁

App ကို ဖွင့်ပါ

Browser တွင် app.maharpos.shop ကို ဖွင့်ပါ။ ဖုန်း၊ Tablet၊ Computer မည်သည့်စက်တွင်မဆို သုံးနိုင်ပါသည်။

၂

အကောင့်အသစ် ဖွင့်ပါ

Create a free account ကို နှိပ်ပြီး အမည်၊ Email၊ စကားဝှက် (အနည်းဆုံး ၈ လုံး) ဖြည့်ပါ။ သို့မဟုတ် Continue with Google ကို နှိပ်ပြီး Gmail ဖြင့် တန်းဝင်ပါ။

၃

ဆိုင်အမျိုးအစား ရွေးပါ

ပထမဆုံးဝင်ချိန်တွင် ဆိုင်အမည်နှင့် 'What is this for?' (Mini Mart / ဖုန်းဆိုင် / All-in-one စသည်) မေးပါမည်။ ရွေးသည့်အမျိုးအစားအလိုက် မလိုသော Menu များကို ဖျောက်ထားပေးပါသည်။ နောက်မှ ဆက်တင်များ → Menu တွင် ပြန်ပြောင်းနိုင်သည်။

၄

နောက်တစ်ကြိမ် ဝင်ရန်

Login စာမျက်နှာတွင် Username (သို့) Email နှင့် စကားဝှက် ရိုက်ပါ၊ Google ဖြင့်ဖွင့်ထားလျှင် Continue with Google နှိပ်ပါ။

၅

စကားဝှက် မေ့သွားလျှင်

Login တွင် Forgot password? နှိပ်ပြီး Email ထည့်ပါ။ Email ထဲသို့ ရောက်လာသော Link ဖြင့် စကားဝှက်အသစ် သတ်မှတ်ပါ။

အကြံပြုချက် — ဝန်ထမ်းများကို သီးခြားအကောင့် ဖွင့်ပေးပါ — ပိုင်ရှင်၏ စကားဝှက်ကို မျှဝေမသုံးပါနှင့် (အသုံးပြုသူနှင့် အခန်းကဏ္ဍ လမ်းညွှန် ကြည့်ပါ)။
App ဖွင့်မည်အခြား လမ်းညွှန်များအကူအညီ (Telegram)