စီမံခန့်ခွဲမှု · အဆင့် ၄ ဆင့်
အစီရင်ခံစာ — နေ့ချုပ်၊ လချုပ်၊ နှစ်ချုပ်
အရောင်း၊ ပြုပြင်ခ၊ ဖုန်းဖြည့်၊ အခြား ဝင်ငွေ/ထွက်ငွေ၊ အသားတင်အမြတ်ကို နေ့/လ/နှစ်/ကိုယ်ပိုင်ရက် အလိုက် ကြည့်ခြင်းနှင့် CSV ထုတ်ခြင်း။
အစီရင်ခံစာ ဖွင့်ပါ
Menu → အစီရင်ခံစာ ကို ဖွင့်ပါ။ Day / Month / Year / Custom ရွေးပြီး ‹ › ဖြင့် ကာလ ပြောင်းပါ။
Daily / Monthly summary
ဇယားတွင် ဝင်ငွေ (Sales၊ Service၊ Top-up၊ Other income) နှင့် ထွက်ငွေ အမျိုးအစားအလိုက်၊ Total၊ Net Profit / Loss ကို ပြပါသည်။
CSV ထုတ်ပါ
CSV ခလုပ်ဖြင့် ဖိုင်ထုတ်ပါ — Excel၊ Google Sheet တွင် ဖွင့်နိုင်ပြီး မြန်မာစာ မပျက်ပါ။ Grand Report (အမြတ်၊ လစာ၊ နောက်လအရင်း၊ အစုရှင်ခွဲဝေ) ပါဝင်ပါသည်။
Report settings (⚙)
⚙ တွင် အထွေထွေ အသုံးစရိတ်များ မည်သည့်ကဏ္ဍအောက် ပြမည်၊ Stock sheet တွင် ပါမည့် Category များ၊ လစာ Category များ စသည် သတ်မှတ်ပြီး Save နှိပ်ပါ။
အကြံပြုချက် — နေ့ချုပ်ကို သီးခြား ပိတ်ရန် ခလုတ် မလိုပါ — ရောင်းချမှု၊ ဝင်ငွေ/ထွက်ငွေ မှတ်လိုက်တိုင်း အစီရင်ခံစာ (Reports) → Day တွင် ချက်ချင်း ပေါ်ပါသည်။ ဆိုင်ပိတ်ချိန်တွင် Reports → Day ကို ဖွင့်ပြီး ငွေသားနှင့် KPay/Wave လက်ကျန်ကို တကယ် ရေတွက်ကာ ငွေစာရင်းများ (Wallet) နှင့် ကိုက်မကိုက် စစ်ပါ။ မှားနေလျှင် Void / Reverse ဖြင့် ပြင်ပါ။
အကြံပြုချက် — Google Sheet နှင့် အလိုအလျောက် ချိတ်လိုလျှင် 'Google Sheet Sync' လမ်းညွှန် ကြည့်ပါ။