Mahar POSလမ်းညွှန်အားလုံး
စီမံခန့်ခွဲမှု · အဆင့် ၆ ဆင့်

ဝင်ငွေ / ထွက်ငွေ မှတ်ခြင်း

အရောင်းမဟုတ်သော ဝင်ငွေ၊ အသုံးစရိတ် (ဆိုင်ခ၊ မီးခ၊ လစာ…) နှင့် ငွေထုတ်ကို Category ဖြင့် မှတ်ခြင်း၊ Supplier အလိုက် ကြည့်ခြင်းနှင့် Void။

၁

စာရင်း အသစ်

ဝင်ငွေ/ထွက်ငွေ → New entry နှိပ်ပါ။ Type (Income / Expense) ရွေး၊ Category၊ Amount၊ Wallet၊ Description ထည့်ပြီး Save နှိပ်ပါ။

၂

တခြားရက်နဲ့ မှတ်ခြင်း

Date (ရက်စွဲ) ကို Owner / Admin သာ ပြောင်းနိုင်ပါသည် — ဝန်ထမ်းများ ဒီနေ့သာ မှတ်နိုင်ပါသည်။ ဒီနေ့ မဟုတ်တဲ့ ရက် ရွေးလျှင် 'သေချာလား' မေးပြီးမှ သိမ်းပါမည်။ နောက်ရက် (မရောက်သေးသည့်ရက်) ဖြင့် မှတ်၍ မရပါ။

၃

Category များ

Categories တွင် စံ Category များ (Daily Service / Sale / Bill / General Income / Expense…) ကို အမည်ပြောင်းနိုင်ပြီး ကိုယ်ပိုင် Category အသစ် ထည့်နိုင်ပါသည်။ ဝန်ထမ်းလစာကို Staff Salary ဖြင့် မှတ်ပါ။

၄

Supplier အလိုက်

အသုံးစရိတ်ကို Supplier နှင့် ချိတ်မှတ်လျှင် By supplier တွင် Supplier တစ်ခုချင်း ကုန်ကျငွေ ကြည့်နိုင်ပါသည်။

၅

နေ့ စုစုပေါင်း

TODAY'S INCOME / EXPENSE / INCOME − EXPENSE ကတ်များကို နှိပ်လျှင် သက်ဆိုင်ရာ စာရင်းများ ပြပါသည်။ Day / All dates ဖြင့် ပြောင်းကြည့်ပါ။

၆

Void

မှားမှတ်ထားလျှင် Void နှိပ်ပြီး အကြောင်းပြချက် ရေးပါ — ငွေစာရင်းကို ပြန်ပြင်ပေးပါမည်။

App ဖွင့်မည်အခြား လမ်းညွှန်များအကူအညီ (Telegram)